ဈေးကွက်ဈေးနှုန်း

မကွေးတိုင်းဒေသကြီးအတွင်းရှိကုန်စည်ဒိုင်တို့၏ (၂၈-၂ - ၂၀၂၀)ရက်နေ့ ကုန်စျေးနှုန်းနှင့်အပတ်စဉ်ကာလတူနှိုင်းယှဉ်ချက်

Last Updated:

                                                                                                   မကွေးကုန်စည်ဒိုင်အပတ်စဉ်ကာလတူ စျေးနှုန်းသုံးသပ်ချက်

 

နှမ်း

          ယခင်( ၂၁--၂၀၂၀ )ရက်နေ့စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက နှမ်းနက်စမုံ(၅၀၀၀/-)၊ဂွနက် (၅၀၀၀/) ၊  နှမ်းဖြူ(၂၀၀၀/-)(၁၀၀၀/-) ၊နှမ်းဖြူ-‌ရေသွင်း(၅၀၀၀/-)(၄၀၀၀/-) ၊ နှမ်းညိုကြား  (၃၀၀၀/-) ကျပ် စျေးတက်ပြီး   အရောင်းအဝယ် ဖြစ်လျှက် ရှိပါသည်။ မကွေးမြို့ ပေါ်တွင် နှမ်းမျိုးစုံ အရောင်းအဝယ် ဖြစ်မှုမှာ တစ်နေ့လျှင် အိတ်အရေအတွက် (၉၀၀ မှ ၁၁၀၀) ဝန်းကျင်ထိ အရောင်းအဝယ် ဖြစ်လျက် ရှိပါသည်။

ပဲမျိုးစုံ

          ပဲမျိုးစုံမှာ  ယခင် ( ၂၁--၂၀၂၀ )  ရက်စျေးနှုန်း နှင့် နှိုင်းယှဉ်ပါက ပဲလွန်းဝါသေး  (၅၀၀/-)၊ ပဲကြီးမဲ (၁၅၀၀/-)  ၊စားတော်ပဲ(၅၀၀/-) ကျပ်    စျေးတက်ပြီး ပဲစဉ်းငုံ(ဟောင်း) (၁၀၀၀/-) ပဲစဉ်းငုံ (သစ်)(ဟောင်း) (၁၀၀၀/-)၊ ကုလားပဲ (929) ( ၂၀၀၀/- )၊  ကုလားပဲ (HL)      (၁၅၀၀/- )    ၊  ကုလားပဲသေး(၁၅၀၀/-)  ပဲထောပတ်(၂၁၀၀/-)     မတ်ပဲ (၅၀၀/-)  ကျပ် စျေးကျ ကာ    ကျန် ပဲမျိုးစုံ    စျေး များ  အပြောင်း အလဲမရှိဘဲ အရောင်း အဝယ်ဖြစ်လျက်ရှိပါသည်။

မြေပဲဆံ

          မြေပဲဆံအနေဖြင့််ယခင်( ၂၁--၂၀၂၀ )ရက်စျေးနှုန်းထက် မြေပဲလုံးဆံနီ(လိုင်း)(၁၀၀/-) ကျပ်စျေးတက်ပြီး မြေပဲလုံးဆံဖြူ(လိုင်း)၊ မြေပဲလုံးဆံဖြူ (လုပ်ငန်းသုံး)  မြေပဲလုံးဆံနီ (လုပ်ငန်းသုံး) ၊မြေပဲတောင့် မျိုးပဲနီတို့ စျေးအပြောင်း အလဲ မရှိဘဲ အရောင်း အဝယ် ဖြစ်လျက် ရှိပါသည်။

ဆီ

          ဆီအနေဖြင့််မကွေးကုန်စည်ဒိုင်စျေးအရ( ၂၁..၂၀၂၀ )ရက်နေ့ နှင့်နှိုင်းယှဉ်ပါက စားအုန်းဆီ (၅၀/-) ကျပ်စျေးကျပြီး၊ နှမ်းဆီ၊ မြေပဲဆီ၊အပြောင်းအလဲမရှိဘဲ အရောင်းအဝယ်ဖြစ်လျှက်ရှိပါ သည်။

ဆန်

          မကွေးကုန်စည်ဒိုင်စျေးအရ ဆန်အနေဖြင့် (၂၁.၂.၂၀၂၀)ရက်နေ့ နှင့်နှိုင်းယှဉ်ပါက ဧရာပဒေသာခပ်ချက်၊ ပေါ်ဆန်းမွှေးဖျာပုံ၊ ပေါ်ဆန်မွှေးရွှေဘို စျေးအပြောင်းအလဲမရှိဘဲ အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သုံးသပ် တင်ပြအပ်ပါ သည်။

ပခုက္ကူကုန်စည်ဒိုင် ကာလတူ စျေးနှုန်းသုံးသပ်ချက်

              ပခုက္ကူ   ကုန်စည်ဒိုင်တွင်    ယခင် (   ၂၁--၂၀၂၀    ) ရက်  စျေးနှုန်း  နှင့်   နှိုင်းယှဉ်ပါက ပဲဇီးကွက်(၂၀၀/-)၊ကျပ်စျေးတက်ပြီး ပဲစဉ်းငုံ2020(၈၀၀/-)ကျပ်   စျေး    ကျကာကျန် ပဲမျိုးစုံနှင့် နှမ်းစျေးများ  အပြောင်းအလဲမရှိဘဲနှမ်း(၁၀၀)အိတ်နှင့် ပဲမျိုးစုံ(၄၅၀)အိတ် အရောင်း အဝယ် ဖြစ်လျက်ရှိပါသည်။

ရေစကြိုကုန်စည်ဒိုင် ကာလတူ စျေးနှုန်းသုံးသပ်ချက်

              ရေစကြို ကုန်စည်ဒိုင်တွင်    ယခင် (   ၂၁--၂၀၂၀    ) ရက်  စျေးနှုန်း  နှင့်   နှိုင်းယှဉ်ပါက ၊ ပဲပုတ်(၅၀၀/-) စားအုန်းဆီ(၄၀/-)၊မြေပဲဆံနီလုံးဆံ(၂၀၀/-)  ၊မြေပဲဆံs1ဖြူလုံးဆံ(၁၀၀/-)  ကျပ်    စျေးတက်ပြီး  ၊ပဲလွန်းပြာ(၅၀၀/-) ကုလားပဲ (HL)(၁၀၀၀/-)  ကုလားပဲ (929)(၁၂၀၀/-) ၊ကုလားပဲ (V2)(၁၀၀၀/)၊ထောပတ်ဖြူ(၁၀၀၀/)      ကျပ် မတ်ပဲ(၁၀၀၀/-) စျေးကျကာ ကျန်ပဲမျိုးစုံနှင့် နှမ်းစျေးများ အပြောင်းအလဲမရှိ စျေးနှုန်းသာရှိ၍ အရောင်းအဝယ်မဖြစ်ပါ။